Thursday, May 7, 2015

မသေဆေး

တကယ်တော့ကျွန်တော်ဟာ အိုရမှာ တော်တော်ကြောက်ပါတယ်။ လူတိုင်းနီးပါး အိုရမှာ ကြောက်ကြမှာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ သူများထက်ကိုပို ကြောက်နေသလားလို့ တစ်ခါတစ်လေ ထင်မိတယ် .............................................................


ဘုန်းကံကြီးသူတွေစာအုပ်မှ မသေဆေး ကောက်နုတ်ချက်


ဘုန်းကံကြီးသူတွေ စာအုပ်မှ ကောက်နုတ်ချက်

ဗုဒ္ဓက ကာလာမနွယ်သာတွေကို ပြောတာက၊ သင်တို့ဟာအယူဝါဒတစ်ခုကို .....
(၁) တစ်ဆင့်ကြားသိရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့
(၂) မိရိုးဖလားလက်ခံကြရုံဖြင့်လည်း အမှန်းလို့မယူကြနဲ့
(၃) ကောလာဟလ အကြားဖြင့်လည်း အမှန်လို့မယူကြနဲ့
(၄) ကျမ်းစာနဲ့ ကိုက်ရုံမျှဖြင့်လည်း အမှန်လို့ မယူကြနဲ့
(၅) ကြံဆ၍ သိခြင်းမျိုးဖြင့်လည်း အမှန်လို့ မယူကြနဲ့
(၆) နည်းမှီ၍ ယူခြင်းမျိုးဖြင့်လည်း အမှန်လို့ မယူကြနဲ့
(၇) ဆီလျှော်သည်ဟု သုံးသပ်မိရုံဖြင့်လည်း အမှန်လို့မယူကြနဲ့
(၈) အယူခြင်းဟပ်မိရုံမျှဖြင့်လည်း အမှန်လို့ မယူကြနဲ့
(၉) ယုံအပ်သူရဲ့ စကားဖြစ်ရုံမျှဖြင့်လည်း အမှန်လို့ မယူကြနဲ့
(၁၀) ဆရာစွဲနဲ့လည်း အမှန်လို့မယူကြနဲ့တဲ့။ ......
လက်တွေ့ ကျင့်သုံးကြည့်လို့ ကောင်းကျိုးတွေလည်းရမယ်၊ ပညာရှိသူတော်ကောင်းတွေကလည်း ချီးမွမ်းမယ်ဆိုရင် ဒီအယူဝါဒမျိုးကို ကောင်းတယ်လို့ သတ်မှတ်ပါတဲ့ .......

ဘုန်းကံကြီးသူတွေ

ကျွန်တော်တို့တစ်တွေ ဘာဖြစ်လို့ ကံထူးနေကြတာလည်းလို့မေးရင် ဗုဒ္ဓသာသနာကြောင့်လို့ မဆိုင်းမတွ ဖြေကြရပါလိမ့်မယ်။ ဗုဒ္ဓသာသနာဆိုတာ ဗုဒ္ဓရဲ့ အဆုံးအမပါ။ အဲ့ဒီအဆုံးအမဟာ ဘာလဲလို့ ဆိုရင်သီလ၊ သမာဓိနဲ့ ပညာပါ။ သီလဆိုတာ ကိုယ်နဲ့ နှုတ်ကို အကုသိုလ်မဖြစ်အောင် စောင့်ထိန်းတာ၊ သူ့အသက်သတ်၊ သူ့ဥစ္စာခိုး၊ ကာမမှာ မှားယွင်းစွာကျင့်၊ မဟုတ်မမှန်တဲ့ စကား၊ ကုန်းတိုက်တဲ့စကား၊ ကြမ်းတမ်းရိုင်းပျတဲ့စကား၊ လောကီလောကုတ္တရာအကျိုး မရှိတဲ့စကားတွေ ရှောင်ကျဉ်တာ၊ မူးယစ်ရီဝေစေတဲ့ အရက်စတာတွေသောက်သုံးခြင်းမှ ရှောင်ကျဉ်တာ၊ ဒါတွေက သီလပါ ..............

ဘုန်းကံကြီးသူတွေ စာအုပ်မှ ကောက်နုတ်ချက်