Friday, June 21, 2013

လူသားတွေရဲ့ တာဝန်


လူတိုင်း လူတိုင်းဟာ ဘဝရဲ့ အောင်မြင်မှုတွေကို ရယူပိုင်ဆိုင်ချင်ကြပါတယ်။ ဒါဟာ သဘာဝပါ။ အောင်မြင်မှုကို ရယူခြင်းတွေ တူညီကြပေမယ့် တစ်ချို့ ကအောင်မြင်တယ်။ တစ်ချို့က လမ်းခုလတ်မှာတင် ကျဆုံးကြတယ်။ ခလုတ်တိုက် လဲကျသွားလို့ ပြန်ထ လျှောက်သူတွေရှိသလို တစ်ချို့ ကျပြန်တော့လည်း ထော့ကျိုး ဘဝက နေမတက်နိုင်ကြတဲ့ လူတွေလည်း အများကြီး ရှိနေပါတယ်။ အခက်ခဲ ဆိုတာ လောကရဲ့ သဘာဝပါဘဲ၊ လောကဓံ ဆိုတာ လောကသစ္စာကိုး။ သာမန်အားဖြင့်တော့ ဘဝမှာ ဘာအခက်အခဲမှ မရှိရင် ကောင်းမှာပဲလို့ ငယ်စဉ်က တွေးမိခဲ့ပါသေးတယ်။ ဒါပေမယ့် ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။ အခက်အခဲကို ဘယ်လိုကျော်လွှားကြမလဲ ဆိုတဲ့ နည်းဗျူဟာ ရင်ဆိုင်ရဲတဲ့ သတ္တိ၊ ခလုတ်တိုက် လဲကျတဲ့အခါ ခံနိုင်ရည်ရှိမှု၊ အဲဒီခံနိုင်ရည်ကို အရင်းပြုပြီး ပြန်ထနိုင်တဲ့ ဇွဲလုံလ ဒါတွေကို မွေးမြူအားထုတ်နေဖို့ လိုအပ်လှတာပါ။ အဲဒီစွမ်းရည်တွေကို အဖေါ်လုပ်ပြီး ကိုယ့်ရည် မှန်းချက် ကို လျှောက်လှမ်းရမှာ ဖြစ်ပါတယ်။
လူသားတွေရဲ့ တာဝန် ဆောင်းပါးမှ ကောက်နုတ်ချက်……..

Tuesday, June 18, 2013

မုဒုလက္ခဏ၊ ရဟန်းတရားနှင့် မာတုဂါမ ဆောင်းပါးမှ ကောက်နှုတ်ချက်



တကယ်တမ်းတော့ အသိအလိမ္မာ ပညာမရှိရင် ယောကျာ်းလည်းမကောင်းပါဘူး၊ မိန်းမလလည်း မကောင်းပါဘူး၊ လက်ဝါးနဲ့ လက်ခုံပါဘဲလို့ မဃဒေဝလင်္ကာထဲမှာ ဆိုဆုံးမ ထားတာကိုလည်း သတိရမိတယ်….
ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်ပေါ့လေ၊ လောကကို ရှု့မြင်ပုံခြင်း အတူနိုင်ပေမယ့် ဘဝတန်ဖိုးကို တွက်ချက်တဲ့ နေရာမှာတော့ တူညီကြပါတယ်။ အတိတ်ကံနဲ့ ပဋိသန္ဓေကံ ပေါင်းပြီး ဖြစ်လာကြတဲ့ လူတွေရဲ့ ဘဝတန်ဖိုးကို အရိယသစ္စာကို သိမြင်တဲ့အထိ တက်လှမ်းကြိုးစားနိုင်းတဲ့ အရည်အချင်းနဲ့ တိုင်းတာမယ်ဆိုရင် ယောကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် အခွင့်အရေးညီတူညီမျှ ရနေကြတာပါ။

ကိုယ့်အတွက် အကြီးမားဆုံးသော ရန်သူ



ကိုယ့်အတွက် အကြီးမားဆုံး ရန်သူဆိုတာ ကိုယ့်စိတ် ကိုကိုယ် ရည်ညွှန်းလိုက်တာပါ။ ကိုယ့်စိတ်ကိုကိုယ် လို့ ဆိုတဲ့ နေရာမှာ မစောင့်ရှောက်ဘဲ၊ မထိန်းကျောင်းဘဲ လွတ်ထားတဲ့ စိတ်ကိုပါ။ စောင့်ရှောက် ထိန်းကျောင်းထားတဲ့ ကိုယ့်စိတ်ကတော့ ကိုယ့်ရဲ့ ရန်သူမဟုတ်ပါဘဲ အကောင်းဆုံးသော မိတ်ဆွေရင်းပါ။
လူအတော်များများဟာ စိတ်ကိုမထိန်းမကျောင်းဘဲ မထိန်းမဲ့ အကွပ်မဲ့ လွှတ်ထားတတ်တာကြောင့် အဲဒီလိုလူတွေအတွက်တော့ အကြီးများဆုံးသော ရန်သူပါတဲ့။ သဘာဝအားဖြင့် ကိုက စိတ်ဟာ မကောင်းမှုမှာ မွေ့လျှော်တာကိုး။
ကိုယ့်အတွက် အကြီးမားဆုံးသော ရန်သူ ဆောင်းပါးမှ ကောက်နှုတ်ချက်

Monday, June 10, 2013

ထခုန်တဲ့ ငါးကလေး



လူတွေဟာ ကံ၊ ဥာဏ်၊ ဝရိယ ဆိုတဲ့ အဖေါ်တွေနဲ့ ဘဝခရီးကို လျှောက်နေ ကြတာပါပဘဲ။ ဘယ်အဖေါ်ကို အားကိုးသလဲ ဆိုတာကတော့ ကိုယ့်ရွေး ချယ်မှုပါ။ လောကမှာ လောကဓံတွေ ဘယ်လောက်ပဲ ဆိုးဆိုးဝါးဝါး ကြုံကြုံ တစ်ချိနန်ချိန် မှာတော့ ငါးကလေးလို လှေအစောင်းနဲ့ ကြုံတေ့ ကြရမှာပါ။ လှေအစောင်းမှာ သတိနဲ့ ဥာဏ်နဲ့ ယှဉ်ပြီး ဝိရိယအားနဲ့ ထခုန်နိုင်တဲ့ လူတွေအတွက် ကတော့ လောကီ၊ လောကုတ် ကြီးပွား အောင်မြင် ကြမှာပါဘဲ။
ထခုန်တဲ့ငါးကလေး ဆောင်းပါးမှ

Sunday, June 9, 2013

ခရီးသည်တစ်ယောက်၏ဘဝအဆစ်ချိုးတစ်ခု


ကြည့်စမ်း……..
သူ့ခန္ဓာကိုယ်ဟု သတ်မှတ်ထားခဲ့သော ရုပ်ဝတ္တုကြီး တစ်ခု ကတော့ တစ်ဝုန်းဝုန်း တစ်ဒိုင်းဒိုင်း ပြိုလဲကျ ကောင်းနေဆဲ ပဲဖြစ်သည်။ သူ့စိတ်ဟု သတ်မှတ်ခဲ့သော အဟုန်တစ်ခုက အဆုံး (သို့မဟုတ်) အစဖြစ်နိုင်သော တစ်ဖက်နယ်၏ အစွန်းတွင် ငြိမ်ငြိမ် သက်သက်လေး ထပ်တူကျနေခဲ့သည်။
တစ်ကယ်တော့
အဆုံးနှင့်အစဟူသည် နေရာဟု ပညတ်ထားသော နေရာ တစ်နေရာထဲမှာပင် တစ်ထပ်တည်း ရှိနေ ခဲ့ ခြင်းပင် ဖြစ်သည်။ အဆုံး သည် အစသာဖြစ်သည်။ အစသည် အဆုံးသာ လျှင်ဖြစ် လိမ့်မည်။  သို့သော် ထိုအရာသည် သူအထင်ပဲ ဖြစ်ကောင်း ဖြစ်လိမ့်မည်။
မည်သို့ပင် ဆိုစေကာမူ ..............
သူသွားနေသော ခရီးကို ရောက်ခဲ့ပြီလား။ ဒါမှမဟုတ် သွားနေဆဲပဲလား ဆိုတာတော့ သူမပြောတတ်။ စဉ်းဆက် မပြတ်တော့ သွားနေရဦးမည်……………………..
ခရီသည်တစ်ယောက်၏ ဘဝဆစ်ချိုးတစ်ခု ဆောင်းပါးမှ

အောင်မြင်သူတို့ရဲ့ အရည်အချင်း



၁။ ယုံကြည်ချက်ရှိတယ်။
၂။ ရည်မှန်းချက်ရှိတယ်။ နည်းလမ်းလဲရှိတယ်။
၃။ အကောင်းမြင်သမား။ စည်းရုံးရေးကောင်းတယ်
၎။ ချင့်ချင့်ချိန်ချိန် သုခမိန်။
၅။ စူစမ်းလေ့လာမှုပြည့်စုံပြီးမှ အကျိုးသင့် အကြောင်းသင့် တင်ပြပြောဆိုတဲ့သူ။
၆။ အချိန်နဲ့ ငွေကို စနစ်တကျ စီမံခန့်ခွဲတတ်သူ။
၇။ လူတစ်ဘက်သားကို စိတ်ဝင်စား၊ လေးစား။
၈။ ပွင့်လင်းသော စိတ်ထား၊ သဘောထားကြီးသူ။
၉။ ခေတ်နှင့်ရင်ဘောင်တန်းနိုင်သူ။ တစ်ကမ္ဘာလုံးမှာ ဘာတွေဖြစ်နေလဲ ဆိုတာသိသူ။
၁၀။ အပြုဘက်က မြင်၊ အပြုဘက်က တွေး၊ ကတိအတိုင်း ထိန်းသိမ်းသူ။
၁၁။ ဝိရိယသမား။
၁၂။ အများကောင်းကျိုးအတွက် တက်ကြွသူ။
၁၃။ ခလုတ်တိုက်လဲကျပြီးလျှင် ပြန်ထသူ။