Sunday, June 9, 2013

ခရီးသည်တစ်ယောက်၏ဘဝအဆစ်ချိုးတစ်ခု


ကြည့်စမ်း……..
သူ့ခန္ဓာကိုယ်ဟု သတ်မှတ်ထားခဲ့သော ရုပ်ဝတ္တုကြီး တစ်ခု ကတော့ တစ်ဝုန်းဝုန်း တစ်ဒိုင်းဒိုင်း ပြိုလဲကျ ကောင်းနေဆဲ ပဲဖြစ်သည်။ သူ့စိတ်ဟု သတ်မှတ်ခဲ့သော အဟုန်တစ်ခုက အဆုံး (သို့မဟုတ်) အစဖြစ်နိုင်သော တစ်ဖက်နယ်၏ အစွန်းတွင် ငြိမ်ငြိမ် သက်သက်လေး ထပ်တူကျနေခဲ့သည်။
တစ်ကယ်တော့
အဆုံးနှင့်အစဟူသည် နေရာဟု ပညတ်ထားသော နေရာ တစ်နေရာထဲမှာပင် တစ်ထပ်တည်း ရှိနေ ခဲ့ ခြင်းပင် ဖြစ်သည်။ အဆုံး သည် အစသာဖြစ်သည်။ အစသည် အဆုံးသာ လျှင်ဖြစ် လိမ့်မည်။  သို့သော် ထိုအရာသည် သူအထင်ပဲ ဖြစ်ကောင်း ဖြစ်လိမ့်မည်။
မည်သို့ပင် ဆိုစေကာမူ ..............
သူသွားနေသော ခရီးကို ရောက်ခဲ့ပြီလား။ ဒါမှမဟုတ် သွားနေဆဲပဲလား ဆိုတာတော့ သူမပြောတတ်။ စဉ်းဆက် မပြတ်တော့ သွားနေရဦးမည်……………………..
ခရီသည်တစ်ယောက်၏ ဘဝဆစ်ချိုးတစ်ခု ဆောင်းပါးမှ

0 comments:

Post a Comment