Friday, June 21, 2013

လူသားတွေရဲ့ တာဝန်


လူတိုင်း လူတိုင်းဟာ ဘဝရဲ့ အောင်မြင်မှုတွေကို ရယူပိုင်ဆိုင်ချင်ကြပါတယ်။ ဒါဟာ သဘာဝပါ။ အောင်မြင်မှုကို ရယူခြင်းတွေ တူညီကြပေမယ့် တစ်ချို့ ကအောင်မြင်တယ်။ တစ်ချို့က လမ်းခုလတ်မှာတင် ကျဆုံးကြတယ်။ ခလုတ်တိုက် လဲကျသွားလို့ ပြန်ထ လျှောက်သူတွေရှိသလို တစ်ချို့ ကျပြန်တော့လည်း ထော့ကျိုး ဘဝက နေမတက်နိုင်ကြတဲ့ လူတွေလည်း အများကြီး ရှိနေပါတယ်။ အခက်ခဲ ဆိုတာ လောကရဲ့ သဘာဝပါဘဲ၊ လောကဓံ ဆိုတာ လောကသစ္စာကိုး။ သာမန်အားဖြင့်တော့ ဘဝမှာ ဘာအခက်အခဲမှ မရှိရင် ကောင်းမှာပဲလို့ ငယ်စဉ်က တွေးမိခဲ့ပါသေးတယ်။ ဒါပေမယ့် ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။ အခက်အခဲကို ဘယ်လိုကျော်လွှားကြမလဲ ဆိုတဲ့ နည်းဗျူဟာ ရင်ဆိုင်ရဲတဲ့ သတ္တိ၊ ခလုတ်တိုက် လဲကျတဲ့အခါ ခံနိုင်ရည်ရှိမှု၊ အဲဒီခံနိုင်ရည်ကို အရင်းပြုပြီး ပြန်ထနိုင်တဲ့ ဇွဲလုံလ ဒါတွေကို မွေးမြူအားထုတ်နေဖို့ လိုအပ်လှတာပါ။ အဲဒီစွမ်းရည်တွေကို အဖေါ်လုပ်ပြီး ကိုယ့်ရည် မှန်းချက် ကို လျှောက်လှမ်းရမှာ ဖြစ်ပါတယ်။
လူသားတွေရဲ့ တာဝန် ဆောင်းပါးမှ ကောက်နုတ်ချက်……..

0 comments:

Post a Comment